ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ မန္တလေးတိုင်းဒေသကြီးအစိုးရ ထောက်ပံ့
DVB
·
September 3, 2017
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝဦးတည်ကျေးရွာ၊ ရွှေဟသာင်္ဓမ္မာရုံမှာ ရေဘေးသင့်အိမ်ထောင်စု တထောင်ကျော်ကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ပြီး ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်နဲ့ ရေသန့်ဘူးတွေကို ထောက်ပံ့ ပေးခဲ့ကြပါတယ်။
လုံခြုံရေးရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဒေါက်တာစိုးသန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်းကြီး ဦးမျိုးသစ်နဲ့ သစ်တောနဲ့ကျေးလက်ကျန်းမာရေး ဌာနကတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခုလို ရေဘေးသင့်ခဲ့ကြတာဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့က မိုးသည်းထန်ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေတက်ခဲ့တဲ့အတွက် အင်းဝရွာ ဥတည်ကျေးရွာ၊ မြေငူကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးဘုတ် စတဲ့ ရွာကြီး ၉ ရွာ လောက် ရေဘေးသင့်ခဲ့ရပါတယ်။
ဓာတ်ပုံ - အောင်အောင်နိုင်