Home
မြန်မာသတင်း
ကျောက်တံခါးမြို့တွင် အမျိုးသားတဦး အသတ်ခံရ
DVB
·
September 3, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ရမ်းတို လာကျေးရွာမှာ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အမျိုးသားတဦး အသတ်ခံခဲ့ရတယ်လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ “သေဆုံးတဲ့ သူကတော့ မနက် ၃ နာရီလောက်ကတည်းက ငါးကောက်ဖို့ ငါးထောင်ထားတဲ့ ဆည်တဲကို ထွက်သွားတယ်လို့ သိရတယ်ဗျ။ မနက် ၆ နာရီလောက်မှ နောက်က လူတွေက လိုက်သွားလို့ အသတ်ခံထားရတာ တွေ့တာပေါ့၊ အဲဒီကျတော့မှ ကျနော်တို့က သွားရောက် စစ်ဆေးခဲ့တာပေါ့၊ တရားခံကတော့ မမိသေးပါဘူး၊ အမြန်ဆုံး တရားခံဖမ်းဆီးရမိရေး အတွက်တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” လို့ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ သေဆုံးသူမှာ ကျောက်တံခါးမြို့နယ်၊ ဂုံမင်း ကွင်းကျေးရွာအုပ်စု၊ ရမ်းတိုလာကျေးရွာနေ ဂျဂ္ဂဒီးဖြစ်ပြီး ငါးကောက်ဖို့သွားရင်း နေအိမ်နဲ့ ၁ မိုင်လောက်ဝေးတဲ့ လယ်ထဲက ဆည်အတွင်းမှာ လည်ကုတ် ၈ လက်မလောက် ပြတ်ရှဒဏ်ရာနဲ့ မှောက်လျှက်သေဆုံးနေတာလို့ အဆိုပါစခန်းက ဆိုပါတယ်။ ကျောက်တံခါးမြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ ဖွင့်လှစ်ထားပြီး တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မြို့နယ်မှုးဒုရဲမှုး အောင်ကျော်ကျော်က စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024