Home
မြန်မာသတင်း
နေအိမ်တွင် မွေးထားသည့် မိကျောင်းအား ဖမ်းဆီး၊ ဘေးမဲ့တောထဲလွှတ် (ရုပ်သံ)
DVB
·
September 3, 2017
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ လူနေရပ်ကွက်တခုက နေအိမ်တလုံးမှာ မွေးမြူထားတဲ့ အရှည် ၆ ပေ လောက် ရှိတဲ့ မိကျောင်းကို မြိတ်မြို့နယ် သစ်တောဦးစီးဋ္ဌာနက စတင်ဘာလ ၃ ရက်နေ့ မနက်က လာရောက် ယူဆောင်သွားပြီလို့ မွေးမြူထားသူ မိသားစုတွေက ပြောပါတယ်။ မြိတ်မြို့နယ် သစ်တောဦးစီးဋ္ဌာနက လာရောက်ဖမ်းဆီး ယူဆောင်သွားခြင်းတာဖြစ်ပြီး၊ ကျွန်းစုမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်အကြားရှိ မိကျောင်းတို့ ကျက်စားရာ ဘေးမဲ့တောထဲကို သွားရောက် လွှတ်ပေးသွားမှာ ဖြစ်ကြောင်း မြိတ်မြို့နယ် သစ်တောဦးစီးဋ္ဌာန တောအုပ် ဦးဇော်နိုင်လင်းက ပြောပါတယ်။ မိကျောင်းကို မွေးမြူထားသူ ဒေါ်သန်းဋ္ဌေးက “သူ့ကို မွေးထားတာ ၁၃ နှစ်နီးပါးဖြစ်နေတော့ အခုလို ဖမ်းသွားတာမြင်တော့ အများကြီး ၀မ်းနည်းမိပါတယ်၊ ဘေးမသိ ရန်မခ သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြောင်း” ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024