ယူအက်စ်အိုးပန်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် ရှာရာဗိုပါက ဆိုဖီယာကို အနိုင်ရ

Aug 28, 2017; New York, NY, USA; Maria Sharapova of Russia reacts after defeating Simona Halep of Romania on day one of the U.S. Open tennis tournament at USTA Billie Jean King National Tennis Center. Mandatory Credit: Jerry Lai-USA TODAY Sports ORG XMIT: USATSI-359295 ORIG FILE ID: 20170828_jel_usa_107.jpg
1.4K
အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ ယူအက်စ်အိုးပန်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ တင်းနစ်မယ် ရှာရာဗိုပါက ဆယ်ကျော်သက် တင်းနစ်မယ် ဆိုဖီယာ ကီနင်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
ရုရှားတင်းနစ်မယ် ရှာရာဗိုပါဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ၁၅ လကြာ တင်းနစ်ကစားခြင်းကနေ ပိတ်ပင်ခံခဲ့ရပါတယ်။
ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်တစ်ဟောင်း ရှာရာဗိုဟာ အမေရိကန် ဆယ်ကျော်သက် ကီနင်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။
ပထမပွဲကို ရှာရာဗိုပါက ၇ - ၅ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာတော့ ရှာရာဗိုပါက လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ၆ - ၂ နဲ့ အနိုင်ရသွားပါတယ်။
ရှာရာဗိုပါဟာ ယူအက်စ်အိုးပန်း စတုတ္ထအဆင့်မှာတော့ လတ်ဗီယားသူ ဆီဗက်စတိုဗာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။