လက်စတာကွင်းလယ်လူ ဒရင့်ခ်ဝါးတားကို ချဲလ်ဆီးခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
1K
လက်စတာကွင်းလယ်လူ ဒရင့်ခ်ဝါးတား (Drinkwater) ကို ပေါင် ၃၅ သန်းနဲ့ ချဲလ်ဆီးအသင်းက စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်စတာအသင်း ၂၀၁၆ မှာ ချန်ပီယံဖြစ်တုန်းက အဓိကနေရာကနေ စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်တန်းကစားသမား ဇက်ပါကော်စတာကိုလည်း အီတလီကလပ် တိုရီနိုအသင်းကနေ ခေါ်ယူထားပါတယ်။
လက်စတာအသင်းက ဒရင့်ခ်ဝါးတားနေရာမှာ အစားထိုးဖို့ ပေါ်တူဂီကလပ် စပို့တင်းအသင်းက ဆေးဗားကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။
ကွင်းလယ်ကစားသမား ဒရင့်ခ်ဝါးတားဟာ လက်စတာအသင်း ချန်ပီယံဖြစ်တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၅ ပွဲ ကစားပေးထားပါတယ်။