Home
မြန်မာသတင်း
ဇေယျဝတီမြို့တွင် အမျိုးသားတဦး ဓာတ်လိုက် သေဆုံး
DVB
·
August 31, 2017
ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့မှာ သြဂုတ် ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ “ဓာတ်လိုက်သေတဲ့သူ ရှိတယ်လို့ ဆေးရုံက ဖုန်းဆက်လို့ သွားကြည့်တယ်ဗျ။ အဲဒီမှာ ကောင်လေးက ကျောင်းသားလေးပါ။ ကောင်လေးက ရေချိုးဖို့ ရေစက်ဖွင့်တဲ့အချိန်မှာ ကြိုးက အောက်ကို လျှောကျပြီး ဖြစ်တာပါ။ ကြိုးအဆက်တွေကို တိပ်မပတ်ထားဘူးဗျ။ အဲဒါကို သေမှုသေခင်း ဖွင့်ပြီးတော့ ဆောင်ရွက်နေပါတယ်” လို့ ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူမှာ ဇေယျဝတီမြို့ မြို့မ (၂) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်သူရကျော်ဝင်း ဖြစ်ပြီး နေအိမ်ရှေ့ ခြံဝင်းအတွင်းက ရေစက်ဘေးမှာ လဲကျသေဆုံးနေတာဖြစ်ပြီး နေအိမ်က ရေစက်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးက ဓာတ်လိုက်သေဆုံးခဲ့တာလို့ ပြောပါတယ်။ ပတ်ဝန်းကျင်နေ ပြည်သူတဦးကလည်း “ကောင်လေးက ဒီနှစ် ဆယ်တန်းအောင်တာ ဂုဏ်ထူးက သုံးဘာသာ ပါတယ်။ စိတ်မကောင်းစရာပါ။ သူက ရေချိုးဖို့ ဖြစ်မယ်ဗျ။ ရေစက်ကို သွယ်ထားတဲ့ ကြိုးကလည်း အဆက်တွေမှာ တိပ်မပတ်ထားဘူး။ အောက်မှာ ရေကလည်း ရှိနေတော့ လိုက်သွားတာဖြစ်မယ်။ စိတ်မကောင်းစရာပါဗျာ”လို့ ပြောပါတယ်။ ဓာတ်လိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ အရ ဖွင့်လှစ်ပြီး သေဆုံးသူကို ဇေယျဝတီ တိုက်နယ်ဆေးရုံကို ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024