နီကာရာဂွါတွင် ခရီးသည်တင်ဘတ်စ်ကား မြစ်ထဲထိုးကျ၊ အနည်းဆုံး ၈ ဦးသေ

နီကာရာဂွါနိုင်ငံမှာ ဘတ်စ်ကားတစင်းဟာ မြစ်ထဲထိုးကျခဲ့လို့ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ် ၂၈ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ဘတ်စ်ကားဟာ မြစ်ထဲကို အရှိန်နဲ့ နောက်ပြန်ထိုးကျသွားခဲ့တာပါ။ ခရီးသည်တွေဟာ ကားထဲမှာ ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကားကို ဆွဲတင်ကာ ကယ်တင်ခဲ့ကြရတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ကော့စတာရီကာနိုင်ငံနဲ့နယ်စပ် နိုင်ငံတောင်ပိုင်း ရီယိုဆန်ဂျူအန်ဒေသမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ပျောက်ဆုံးနေသူတွေနဲ့ အသက်ရှင်ကျန်နေရစ်သူတွေကို ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up