Sunday, June 11, 2023
HomeLead Storyရေနစ်သေဆုံးခဲ့သည့် သခင်ဖြစ်သူ၏ အလောင်းအနီး ထိုင်စောင့်နေရှာသည့် ခွေးကလေး

ရေနစ်သေဆုံးခဲ့သည့် သခင်ဖြစ်သူ၏ အလောင်းအနီး ထိုင်စောင့်နေရှာသည့် ခွေးကလေး

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရင်းခရိုင် ဆန်ခမြို့နယ်ထဲမှာ မနေ့က ရေနစ်နေတဲ့ ခွေးတကောင်ကို လိုက်လံကယ်တင်ရင်း လူ ၂ ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရသူတဦးဟာ သူ့ရဲ့အချစ်တော် ခွေးကလေးနဲ့ ခမ့်နွဲ့ဆည်အနီးမှာ နေ့စဉ်လို အပန်းဖြေ လာရောက်လေ့ရှိပြီး သြဂုတ် ၂၉ ရက် ညနေပိုင်းကတော့ ခွေးကလေးက ရေထဲဆင်းသွားပြီး ဆည်ရေမြင့်တက်လာတဲ့အတွက် နစ်မလိုဖြစ်နေတာတွေ့လို့ သူ့သခင်ကလည်း ရေထဲလိုက်ဆင်းသွားပါတယ်။

ရေထဲလိုက်ဆင်းသွားတဲ့ သခင်ဖြစ်သူလည်း ရေနစ်မလိုဖြစ်နေတဲ့အတွက် အော်ဟစ် အကူအညီတောင်းတာကြောင့် အနီးနားရှိ ရွာသူကြီးက ရေထဲဆင်းပြီး လိုက်လံကယ်တင်ရာက နှစ်ဦးလုံး ရေစီးထဲမျောပါ သေဆုံးသွားခဲ့ရတာလို့ ဆန်ခမြို့နယ်ရဲစခန်း တာဝန်ကျရဲမှူး ဘိုရေ့စ်ကဝင်းကျစ်က သတင်းထောက်တွေကို ပြောပါတယ်။

ရေနစ်တဲ့ ခွေးကလေးကတော့ မကြာခင် သူ့ဘာသာ ကုန်းပေါ်တက် ကူးလာနိုင်ခဲ့ပေမယ့်လည်း သူ့သခင်ကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းအနေနဲ့သာ ဆယ်ယူရရှိခဲ့ပြီး ရွာသူကြီးရဲ့ အလောင်းကိုလည်း ရေနစ်ပြီး ၇ နာရီအကြာ မနေ့ည ၁၀ နာရီကျော်မှ ရေနစ်တဲ့နေရာနဲ့ မီတာ ၂၀ လောက်အကွာမှာ ပြန်လည်တွေ့ရှိတယ်လို့ ရဲမှူးက ပြောပါတယ်။

အဲဒီခွေးပိုင်ရှင်ဟာ အသက် ၄၄ နှစ်ရွယ်ရှိ နိုင်းချိုင်းဖွန်းဆိုသူဖြစ်ပြီး မနှစ်က ကားမတော်တဆဖြစ်လို့ ခြေတဘက်ဖြတ်ထားရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့က သူ့အလောင်းကို ကုန်းပေါ်လာချထားစဉ် သူ့အချစ်တော်ခွေးကလေးကလည်း သခင့်အပါးကမခွာဘဲ တချိန်လုံး ထိုင်စောင့်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular