မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်
DVB
·
August 29, 2017
မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး သြဂုတ် ၂၉ ရက်နေ့မှာ အခေါက်ရွှေတကျပ်သား ၉ သိန်း ၃ သောင်းခွဲအထိ ပေါက်ဈေးဖြစ်နေပါတယ်။
ကမာ့္ဘရွှေဈေးကလည်း စံချိန်တင်အနေနဲ့ တအောင်စကို ၁၃၁၇ ဒေါ်လာအထိ ဈေးကွက်ပေါက်ဈေး ဖြစ်နေတာပါ။
ကမာ့္ဘရွှေဈေးမြင့်တက်ရင် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လေ့ရှိတာကြောင့် အခုလို စံချိန်တင်ရွှေဈေး ဖြစ်နေတာပါ။
နိုင်ငံတကာမှာ မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် ကမာ့္ဘရွှေဈေး မြင့်တက်နေတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။