Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်ရှိမည်
DVB
·
August 28, 2017
  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့် နိုဝင်ဘာလ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ ချုပ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဖိတ်ခေါ်ချက်အရ လာရောက်မှာဖြစ်ပြီး အစိုးရခေါင်းဆောင်တွေ သာမက ဘာသာရေးခေါင်းဆောင်တွေ နဲ့ ပြည်သူတွေကို တွေ့ဆုံဖို့ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားဖို့စီစဉ်ထားတဲ့ ခရီးစဉ်မတိုင်ခင်  မြန်မာပြည်ကို လာရောက်မှာဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပြီး ကက်သလစ်ခရစ်ယာန် ဘာသာဝင် လူနည်းစုပဲရှိတဲ့ မြန်မာပြည်ကို ပုပ်ရဟန်းမင်းကြီးတပါးအနေနဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ဗာတီကန်နန်းတော်မှာ ပြီးခဲ့တဲ့ မေလ ၄ ရက်က တွေ့ဆုံပြီးနောက်   မြန်မာနဲ့ ဗာတီကန်မြို့ပြ နိုင်ငံတို့အကြား သံတမန်အဆက်အသွယ် စတင်ထူထောင်ထား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024