Sunday, May 28, 2023
HomeLead Storyမဲသဝေါဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

မဲသဝေါဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

ကရင်ပြည်နယ် မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား နှစ်ဘက်တပ်ဖွဲ့တွေ အခုရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးမှူး ဦးစောဆွေထွန်းက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲတွေမှာ ချောင်းမြောင်းပစ်ခတ်တာ အဖြစ်များတယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောပါတယ်။

တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့နဲ့ ဒီကေဘီအေ ခွဲထွက်အပြင် ပြန်လည်တောခိုသွားတဲ့ ဗိုလ်ပိအဖွဲ့တို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မဲသဝေါအသွား ကားလမ်းမကြီး ဝါးဘိုးတောင် မရောက်ခင် ရင်မိုင်းတံတားအနီး အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းနှစ်ခုမှာ ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေသူ ၅၅၀၀ ကျော် ရှိနေပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကျုံထော်ရေတံခွန်ကို သွားရောက်လည်ပတ်ခွင့် ပိတ်ပင်ထားပြီး လာမယ့် ပွင့်လင်းရာသီမှာလည်း ခရီးသွားဧည့်သည်လာရောက်မှု နည်းသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – ရဲမင်းခေါင်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular