Home
မြန်မာသတင်း
ကသာမြို့နယ်တွင် သိန်း ၆၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
August 27, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ်လမ်းခွကျးရွာ မီးရထားသံလမ်းကူးအနီးမှာ ကာလတန်ဖိုး ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူးမြင့်နိုင်ဦးက ပြောပါတယ်။ သြဂုတ် ၂၆ ရက်မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၆ ကသာ တာဝန်ရှိသူတွေဟာ ကသာမြို့နယ်လမ်းခွကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကသာမြို့ ရပ်ကွက် (၅)နေ ဦးကျော်သူရတို့နဲ့အတူ ကသာ-အင်းတော်သွားကားလမ်း လမ်းခွကျေးရွာ မီးရထား သံလမ်းကူးအနီးမှာ မူးယစ်ဆေး သတင်းအရ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်သို့မောင်းနှင်လာတဲ့ တရိုတ်နိုင်ငံလုပ် KENBO 125 အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဆိုင်ကယ်မောင်းနှင်လာသူ ချစ်မိုးဝေထံမှ အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်း သိုဝှက်သယ်ဆောင်လာတဲ့ စုစုပေါင်း ဘိန်းဖြူမှုန့် ကာလတန်ဖိုး ၆၆၀၀၀၀၀ ကျပ် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့ စု (၆) ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ ကသာမြို့မရဲစခန်းက မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ချစ်မိုးဝေ ကို မယ (ပ) ၁၅/၁၉(က)/၂၁ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024