မြန်မာသင်္ဘောသားတွေ အသက်ဘေးက လွတ်မြောက်
DVB
·
March 15, 2012
အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာသင်္ဘောသားတွေ အပါအ၀င် ပင်လယ်ကူး သင်္ဘောသား (၁၈) ဦးကို တရုတ် ကယ်ဆယ်ရေးအဖွဲ့တွေက တရုတ်နိုင်ငံ ဂွမ်ဒေါင်း ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင်မှာ အောင်အောင် မြင်မြင် ကယ်ဆယ်နိုင်ခဲ့ တယ်လို့တရုတ်နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြပါတယ်။
ဒီကုန်တင် ပင်လယ်ကူး သင်္ဘောဟာ ကိုးရီယားနိုင်ငံကနေ ဂွမ်ဒေါင်းပြည်နယ် ဇူဟိုင်းမြို့ ကို အသွား လမ်းမှာလျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး ပင်လယ်ထဲ နစ်မြုပ်ခါနီး ဖြစ်နေစဉ်မှာ ကယ်ဆယ်နိုင်ခဲ့တာလို့ တရုတ် နယ်ခြားစောင့် တပ် ပြောရေးဆိုခွင့် ရှိသူက ဆင်ဟွာသတင်း မှာ ပြောပါတယ်။
တရုတ်စစ်သည် တချို့နဲ့ ဒေသခံ ရေလုပ်သားတွေက သင်္ဘောဆီက အရေးပေါ် အချက်ပေး သတင်းရပြီး နောက် သင်္ဘောသားတွေကို သွားရောက် ကယ်ဆယ်ခဲ့တာ ဖြစ်ပြီး ပင်လယ်ထဲ လေပြင်းမုန်တိုင်းတွေအကြား ယိမ်းထိုးနေတဲ့သင်္ဘောပေါ်က သင်္ဘောသားတွေ ကို ၁ နာရီ လောက် ကြာအောင် အချိန်ယူ ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၀ ဦး၊ အင်ဒိုနီးရှား သင်္ဘောသား ၄ ဦး နဲ့ တောင်ကိုရီးယား သင်္ဘောသား ၄ ဦးတို့ လိုက်ပါလာပြီး သင်္ဘောသားတွေ အားလုံးကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကမ်းခြေရောက် အောင် ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ် လို့ သိရပါတယ်။