Home
မြန်မာသတင်း
မောင်တော-ဘူးသီးတောင် လမ်းပေါ် အကြမ်းဖက်သမားများ မိုင်ထောင်၊ ပစ်ခတ်မှုဖြစ်
DVB
·
August 26, 2017
ဘင်္ဂါလီအကြမ်းဖက်သမားတွေက မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်၊  မြို့သူကြီး ရွာဟောင်းနားမှာ သြဂုတ် ၂၆ ရက် မနက်ပိုင်းက မိုင်း ၂ လုံးထောင်ထားတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိပြီး ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက “မနက်ပိုင်းက ပစ်ခတ်တာတွေ ရှိတယ်။ မောင်းတောမြို့ထဲမှာလည်း ပစ်ခတ်မှုဖြစ်တယ်။ ရဲကင်းစခန်းကို လာပစ်တယ်။ ရဲကပြန်ပစ်တယ်။ ဒီလောက်ပါပဲ၊ ပစ်ခတ်မှုက။ အခုကတော့ ငြိမ်နေပါတယ်။ မောင်တော မြောက်ခြမ်းမှာနေတဲ့ ဝန်ထမ်းတွေကို လုံခြုံတဲ့ စုရပ်တွေမှာ ထားပေးပါတယ်” လို့ ညနေ ၃ နာရီခွဲအချိန်မှာ ဒီဗွီဘီရဲ့ မေးမြန်းတာကို ပြန်ဖြေပါတယ်။ သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က မောင်တောမြို့နယ် မောင်နှမကြီးရွာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကား ၃ စီး မိုင်းနင်းပေါက်ကွဲပြီး အကြမ်းဖက်တွေက လုပ်သေနတ်တွေနဲ့ပစ်လို့ အပြန်အလှန် ပစ်ခတ်ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြီးတော့ မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရကျေးရွာက ခေတ္တ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူနဲ့  အစိုးရသတင်းပေးလို့ သံသယရှိသူတွေကို အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက်ညပိုင်းမှာ သတ်ဖြတ်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024