Home
မြန်မာသတင်း
သာစည်-တောင်ကြီးလမ်းတွင် ဘိန်းစိမ်း ကျပ် ၇၂ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
August 26, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်-တောင်ကြီးလမ်း ကျွဲတပ်ဆုံတိုးဂိတ်မှာ တောင်ကြီးဘက်က လာတဲ့ ခရီးသည်တင်ကားပေါ်မှ အမျိုးသားတဦးထံကနေ အမည်းရောင် ဘိန်းစိမ်း ကျပ် ၇၂ သိန်းကျော် ဖိုးကို သြဂုတ် ၂၅ ရက်မနက်က ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။ ဖြစ်စဉ်မှာ သတင်းအရ မူးယစ်တပ်ဖွဲ့စု (၁၈) မှ ရဲအုပ်တင်ထွန်းလင်းအောင်နဲ့ သာစည်မြို့မရဲစခန်း ဒုရဲအုပ်ဝေဖြိုးအောင်တို့ပူးပေါင်းအဖွဲ့က ကျွဲတပ်ဆုံတိုးဂိတ်မှာ တောင်ကြီးဘက်ကဆင်းလာတဲ့ ကားတွေကို သက်သေတွေနဲ့ ရှာဖွေရာမှ HIACE ခရီးသည်တင်ကားငယ်ပေါ် လိုက်ပါလာတဲ့ ခင်မောင်ဝင်းရဲ့ လက်ဆွဲအိပ်ထဲက အမည်းရောင်ဘိန်းစိမ်း ၁၀ဒသမ၃၅ ကီလိုဂရမ် ရှာဖွေတွေ့ရှိ ဖမ်းဆီးမိခဲ့တာလို့ သာစည်မြို့မ ရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်မောင်မောင်ဝင်းက "ခင်မောင်ဝင်းက ပင်လယ်ဘူးမြို့နယ် ယင်းသာရွာ မှာနေတယ်။ ပိုက်ဆံ ၄ သိန်းပေးပြီး သယ်ခိုင်းတယ်လို့ ထွက်ဆိုတယ်။ ကွင်းဆက် တရားခံကို မေးမြန်းနေပါတယ်။ ဖမ်းမိတဲ့ ဘိန်းစိမ်းတွေရဲ့ ကာလတန်ဖိုးငွေ ၇၂၄၅၀၀၀ ကျပ် ထွက်ပါတယ်" လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက ခင်မောင်ဝင်းကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊ သုံးစွဲမှု၊ လက်ဝယ်ထားမှု၊ ဖြန့်ဖြူးမှုပုဒ်မ ၁၅/၁၉(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024