ဂျပန်တွင် လူသေရုပ်အလောင်း ပြင်ဆင်ဝတ်စားပေးသည့်ပြိုင်ပွဲ ကျင်းပ (ရုပ်သံ)
DVB
·
August 26, 2017
ဂျပန်နိုင်ငံမှာ သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်တဲ့ နာရေးလုပ်ငန်း (funeral industry) ပြပွဲမှာ လူသေရုပ်အလောင်းကို ပြင်ဆင်ဝတ်စားပေးတဲ့ ပြိုင်ပွဲကို သုဘရာဇာ ၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ လူသေရုပ်အလောင်းကို မင်္ဂလာရှိအောင် ဝတ်စားပြင်ဆင်ပေးနိုင်စွမ်းကို ပြသရတာဖြစ်ပါတယ်။
ဂျပန်တို့ရဲ့ ရှင်တိုဘာသာရေးအယူအဆအရ ကွယ်လွန်သွားသူတွေရဲ့ ဝိညာဉ်ဟာ သေဆုံးသွားပြီးပြီးချင်းမှာ သန့်ရှင်းမှု မရှိသေးဘူးလို့ ယုံကြည်ထားပါတယ်။
ကွယ်လွန်သူတို့ရဲ့ ရုပ်အလောင်းကို သွေးနီးတဲ့ ဆွေးမျိုးသားချင်းတွေရဲ့ ရှေ့မှာသာ ဝတ်စားပြင်ပေးရပါတယ်။
အဲဒီလိုပြင်ဆင်ပေးမှသာ ကွယ်လွန်သူရဲ့ ဝိညာဉ်ဟာ သန့ှ်သန့်စင်စင်ဖြစ်သွားပြီး တခြားလောကကို ထွက်ခွာနိုင်မှာဖြစ်ပါတယ်။
“ဒီပြိုင်ပွဲဝင်ဖို့ ကျမ နေ့တိုင်းလေ့ကျင့်ခဲ့တာပါ။ ကျမရဲ့ လေ့ကျင့်မှုကို ဗွီဒီယိုရုက်ပြီး၊ ငါပြင်တာလှရဲလား၊ ရုပ်အလောင်းကို ဂရုတစိုက်ကိုယ်တွယ်ရဲ့လားဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အမြဲမေးပြီး တိုးတက်မှုရှိအောင် လုပ်ပါတယ်။ ကျမရဲ့ ကြိုးစားအားထုတ်မှုကို ဆုပေးတဲ့အတွက် ကျမ အရမ်းပျော်ပါတယ်” လို့ အသက် ၂၃ နှစ်အရွယ် ရီနိုတာအီက ပြောကြားသွားတာပါ။
“သူတို့လက်လှုပ်ရှားတာ တော်တော်လှပါတယ်။ ကွယ်လွန်သူတွေကို အခုလိုမျိုးပုံစံနဲ့ ဂရုတစိုက်လုပ်ပေးတတ်တဲ့ ဂျပန်မှာပဲရှိတဲ့ ဒီယဉ်ကျေးမှုကို တခြားနိုင်ငံတွေလည်း နှစ်သက်လိမ့်မယ်လို့ မျော်လင့်ပါတယ်။” လို့ ပြိုင်ပွဲကို လာရောက်ကြည့်ရှုတဲ့ အကာနီ မတ်ဆူဒါ က ပြောကြားပါတယ်။
“ဒီလို ရုပ်အလောင်းကို ပြင်ဆင်ဝတ်စားပေးတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူ ၂,၀၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျွမ်းကျင်မှုက တယောက်နဲ့တယောက် တော်တော်ကွာပါတယ်။ ဒီပြိုင်ပွဲကနေ ရုပ်အလောင်းပြင်ဆင်သူတွေရဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်နိုင်ဖို့ ကျနော်လိုလားပါတယ်။” လို့ ပြိုင်ပွဲစီစဉ်သူ အိုကူရီဘီတို အကယ်ဒမီရဲ့ အမှုဆောင်အရာရှိချုပ် ကီမူရာကိုအူကီက ပြောကြားသွားပါတယ်။