Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်စွန့်လွှတ်ခဲ့ရသူများအတွက် ၀မ်းနည်းကြောင်း အမေရိကန်ပြော
DVB
·
August 26, 2017
သြဂုတ် ၂၅ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချပြီး အသက်စွန့်လွှတ်ခဲ့ရသူတွေနဲ့ သူတို့  မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အခု လုပ်ရပ် ကျူးလွန်သူတွေကို လက်ရဖမ်းဆီးမိရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွားရေးအတွက် အစိုးရနှင့်လုံခြုံရေးတပ်ဖွဲ့တွေက အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အကြောင်းကို နားလည်အသိအမှတ် ပြုတယ်လို့လည်း ဆိုထားပါတယ်။ အပြစ်မဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးနိုင်ဖို့၊ ကျုးလွန်သူတွေကို လက်ရ ဖမ်းဆီးနိုင်ရေးနှင့် နောက်ထပ် အကြမ်းဖက်မှု မဖြစ်ပွားရေးတို့ကို ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ဒါ့အပြင် လူမှုအသိုက်အဝန်း အားလုံးအနေနဲ့ အပြုအမှု အပြောအဆိုတွေဟာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုပြန်လည်ရရှိနိုင်ရေးအတွက် ဦးတည်စေလိုကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024