Home
မြန်မာသတင်း
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
August 24, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေကို ဒီနေ့ မနက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကိုဖီအာနန်က အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို တင်ပြပေးအပ်ခဲ့ပြီး အစီရင်ခံစာပါ ကော်မရှင်ရဲ့ သုံးသပ်တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မစ္စတာကိုဖီအာနန် အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024