မက္ကဆီကိုတွင် သတင်းထောက်တဦး ပစ်သတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုနိုင်ငံက ဗီရာခရုဇ်ပြည်နယ်မှာ သြဂုတ် ၂၂ ရက်က သတင်းထောက်တဦး သေနတ်ပစ်သတ်ခံခဲ့ရပါတယ်။ သတင်းထောက်တွေ မကြာခဏ သတ်ဖြတ်ခံရလေ့ရှိတဲ့ အဲဒီ ဗီရာခရုဇ်ပြည်နယ်က ဟူယာပန်မြူနီစီပယ်ဒေသမှာ သေနတ်ကိုင်ဆောင်ထားသူတွေက သတင်းထောက် ကန်ဒီဒိုရီယိုစ် (Candido Rios) နဲ့ တခြားလူနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေဆုံးသွားတဲ့ သတင်းထောက် ရီယိုစ်ဟာ သူ့ရဲ့အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ ပြောကြားထားဖူးပြီး ဂျာနယ်လစ်များကာကွယ်ရေး အမျိုသားစီမံချက်မှာလည်း တင်ပြထားတဲ့သူဖြစ်တယ်လို့ မီဒီယာအကာကွယ်ပေးရေး ဒေသခံအဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင် ဂျော်ဂျီမိုရာလေး (Jorge Morales) က ပြောပါတယ်။ ဗီရာခရုဇ်ပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံရဲ့ အဓိကကျတဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိပြီး သတင်းထောက်တွေ အသတ်ခံရလေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ အခုအသတ်ခံရတဲ့ သတင်းထောက် သေဆုံးတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး သတ်ရတဲ့ အကြောင်းရင်းကို မပြောနိုင်သေးဘူးလို့ ဗီရာခရုဇ်ပြည်နယ် ရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up