Home
မြန်မာသတင်း
အင်းတော်တွင် အမှိုက်မီးရှို့ရာမှ ဗုံးသီးဟောင်း ပေါက်ကွဲမှုဖြစ်ပွား
DVB
·
August 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ကျန်တောအုပ်စု နားနောင်ရွာအနီးမှာ သြဂုတ် ၂၃ ရက်ည ၈ နာရီလောက်က အမှိုက်မီးရှို့ထားရာမှ ဗုံးသီးဟောင်းလို့ ယူဆရတဲ့ ဗုံးပါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။ အင်းတော်မြို့နယ် ကျန်တောအုပ်စု နားနောင်ရွာအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦး၊ ကျန်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွေးအောင်တို့နဲ့အတူ သွားရောက်စုံစမ်းရှာဖွေရာ သြဂုတ် ၂၄ ရက် မနက် ၉ နာရီခွဲအချိန် ကြံတောအုပ်စု နားနောင်ကျေးရွာအရှေ့ဘက် ၁ မိုင်လောက်အကွာ လယ်ကွင်းပြင်တောစပ်မှာ နှမ်းစိုက်ဖို့ ထွန်ယက်ထားတဲ့ ယာကွက်အတွင်းရှိ ငုတ်နဲ့ အမှိုက်တွေကို ဦးကျော်ဆန်းလင်းက မီးရှို့ထားခဲ့ရာမှ ဂျပန်ခေတ်ဗုံးသီးဟောင်းလို့ ယူဆရတဲ့ ဗုံးသီးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ ရွာတွေဖြစ်တဲ့ ကျန်တောရွာ၊ နဘားကျေးရွာ၊ နားနောင်ကျေးရွာ၊ ကျော်ရွာကျေးရွာ၊ မိုးယူကျေးရွာတို့မှ ပေါက်ကွဲတဲ့အသံအားကြားခဲ့ရပြီး ဒေသခံတွေ စိုးရိမ်ထိတ်လန့်တာတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024