Home
မြန်မာသတင်း
မြန်မာပြည်အလယ်ပိုင်းတွင် အလားအလာအလွန်ကောင်းသည့် သတ္တုကြောနှင့် ရေနံမြေ တွေ့ရှိ
DVB
·
August 24, 2017
မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေနဲ့  တဆက်တစပ်တည်းဖြစ်နေတဲ့  အလျားမိုင် ၂ဝ၊ အနံ ၃ မိုင်ခန့်ရှိ အလွန်အလားအလာကောင်းမွန်တဲ့  ရေနံမြေတခုကို တွေ့ရှိထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်၊ ကန်ပက်လက်နဲ့  မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်စပ်မှာလည်း အလွန်အလားအလာကောင်းတဲ့ သတ္တုကြော တွေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ မနေ့က ပထမဆုံးအကြိမ် ကျင်းပတဲ့  Video Conferencing Meeting အစည်းအဝေးမှာ တိုက်ရိုက်တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လယ်ယာမြေတွေ သိမ်းဆည်းထားပြီး စီမံကိန်းတွေ အကောင်အထည်မဖော်တဲ့ကိစ္စ၊  အကောင်အထည်ဖော်ပေမယ့် မအောင်မြင်တဲ့ကိစ္စ၊  သိမ်းမြေတွေကို  အမြန်ဆုံး ပြန်ပေးနိုင်ရေးကိစ္စ၊ ယခင် တိုင်းအစိုးရလက်ထက်က ပြန်လည်ရရှိခဲ့တဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၂၇ဝ ကို  ပြန်လည်သုံးစွဲဖို့ လျာထားတဲ့ကိစ္စနဲ့ မီနီပန့်ဓာတ်ဆီဆိုင်လေးတွေ ဖွင့်ခွင့်ပေးဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့  အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။   Photo : MOI Webportal Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024