Home
မြန်မာသတင်း
ရန်ငြှိုးရန်စမရှိဘဲ အိမ်ဝင်းအတွင်း ရန်ပြုလာသူများအား အမှုဖွင့်
DVB
·
August 24, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်း ချမ်းအေးသာယာရပ် သြဂုတ်လ ၂၃ ရက် ညနေ ၅ နာရီက နေအိမ်တအိမ်ကို ခဲနဲ့ပေါက်ပြီး ဆဲဆိုငြိမ်းခြောက်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ရန်ငြှိုးရန်စမရှိဘဲ မဖြူဖြူမွှေးနေအိမ် သံတံခါးကို ကုလားဆင်ပုံစံရှိ အမည်မသိ လူ ၄ ဦးက “ခင်ဗျားဘာလို့ သူခိုး ဟာဆန်ကို လက်ခံတာလဲ” လို့ ဆဲဆိုထုရိုက်ပြီး ဓားနဲ့ခုတ်ပစ်မယ်၊ မီးရှို့ပစ်မယ်လို့ ကြိမ်းဝါးခြိမ်းခြောက်တဲ့အတွက် အမှုလာဖွင့်တယ်လို့ မိတ္ထီလာမြို့မ ရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်အောင်သူမင်းက “မဖြူဖြူမွှေးနေ အိမ် သံတံခါး နဲ့ မှန်ပြတင်းတွေ ဖျက်ဆီးတယ်၊ ပျက်စီးတန်ဖိုး ၅၀၀၀၀(ငါးသောင်း)ကျပ်ဖိုး လောက် ပျက်စီးသွားတယ်၊ ပုံစံတွေကိုပြောပြတယ်၊ သိသူမြင်သူတွေရဲ့ ထွက်ဆိုချက်တွေ ယူထားပါတယ်၊ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိနေပါပြီ၊ အမြန်ဆုံးဖမ်းမိဖို့ လုပ်နေပါတယ်" လို့ပြောပါတယ်။ မဖြူဖြူမွှေး က “တခါမှမမြင်ဖူးမသိဖူးတဲ့ လူ ၄ ဦးပါ။ 'ခင်ဗျားဘာလို့ သူခိုး ဟာဆန်ကို လက်ခံတာလဲ၊ ပြောလည်းပြော ဆဲလည်းဆဲပါတယ်။ ဓားနဲ့ခုတ်ပစ်မယ်၊ အိမ်မီးရှို့မယ် ကြိမ်းဝါးခြိမ်းခြောက်တယ်။ ကျမက အဲဒီ ဟာဆန်ကိုမသိဘူး လက်မခံဘူးလို့ ပြန်ပြောတယ်။ တံခါးလှပ်ပြောတော့ ဓားနဲ့လှမ်းခုတ်တယ်၊ ဆူညံသံတွေကြောင့် ရပ်ကွက်က လူတွေ ရောက်လာတယ်၊ အဲဒီ ၄ ဦး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ထိုလူ ၄ ဦးကို ဆဲဆိုမှု၊ ပိုင်နက်ကျူးကျော် အန္တရာယ်ပြုမှု၊ ခြိမ်းခြောက်မှု၊ တပါးသူအကျိုးစီးပွားဖျက်ဆီးမှု၊ အားပေးအားမြှောက်လုပ်မှု ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၄၅၂/၅၀၆/၄၂၇/၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024