Saturday, June 10, 2023
HomeLead Storyမောင်တောမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဓားဖြင့် လှီးသတ်ဖြတ်ခံရ

မောင်တောမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဓားဖြင့် လှီးသတ်ဖြတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု ဇူလရွာမှာ နေထိုင်တဲ့ ခေတ္တ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးကို အကြမ်းဖက်သမား ၂၅ ဦးခန့်က သြဂုတ် ၂၂ ရက် ညနေ ၆ နာရီခွဲလောက်မှာ နေအိမ်ထဲ ဝင်ရောက် ဓားနဲ့လှီး သတ်ဖြတ်သွားခဲ့တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံး ကသတင်းထုတ်ပြန်ပါတယ်။

ဇူလ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၃၆ နှစ်အရွယ် ဟာကူရာမာန်ရဲ့ နေအိမ်ကို ဓားရှည်၊ လှံတွေ ကိုင်ဆောင်ထားပြီး နဖူးမှာ အနက်ရောင်ပိတ်စတွေ စည်းထားတဲ့ လူ ၂၅ ဦး ရောက်ရှိလာပြီး ဝိုင်းထားတယ်လို့ သတင်းပေးလာတဲ့အတွက် ရဲတပ်ဖွဲ့က ချက်ခြင်းလိုက်သွားပြီး ဖမ်းဆီးတဲ့အခါ ဟာကူရာမန်ရဲ့ နေအိမ်ထဲကနေ လယ်ကွင်းထဲကို လူ ၆ ဦး ထွက်ပြေးသွားတဲ့အတွက် သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ခတ် ခြောက်လှန့်ခဲ့ရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ထဲကို အကြမ်းဖက်အဖွဲ့ဝင် ၂၅ ယောက်အနက် ၁၀ ယောက်လောက်က နေအိမ်ကို ချိုးဖျက်ဝင်ရောက်လာပြီး ဟာကူရော်မန်ကို ဓားနဲ့လှီးသတ်ခဲ့သလို လာရောက်သူနှစ်ဦးမှာ သေနတ် ၁ လက်စီ ကိုင်ဆောင်ထားတယ်လို့ သူ့ညီဖြစ်သူရဲ့ ပြောဆိုချက်အရ သိရပြီး ဟာကူရော်မန်ကိုတော့ နေအိမ်ထဲမှာ လည်ပင်းပြတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရကြောင်း၊ တရားခံ ဖမ်းဆီးရမိရေးနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

အခု အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရတဲ့ မြို့ဦးအုပ်စု ဇူလရွာသစ်မှာပဲ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၁၃၅၀၀ ပြားကို ဖမ်းဆီးရမိခဲ့တာပါ။

အဲ့ဒီဆေးပြားတွေကို တွေ့ရှိရတဲ့ အိမ်ပိုင်ရှင် အာဆော့ဒူလာကို မောင်တောမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုဟာ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတဲ့ကိစ္စနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular