Home
မြန်မာသတင်း
၁၀ နှစ်အတွင်း တရားမ၀င် ငါးဖမ်းရေယာဉ် ၅၀၀ ကျော် ဖမ်းဆီးအရေးယူ
နေဖြိုးဝင်း
·
August 23, 2017
လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း တရားမ၀င် ငါးဖမ်းရေယာဉ် အစီး ၅၀၀ ကျော် ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးက သြဂုတ် ၂၃ ရက် အမျိုးသားလွှတ်တော်မှာပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးခင်မျိုးဝင်းရဲ့ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ ဥပဒေနဲ့မညီတဲ့၊ လုပ်ငန်း အစီရင်ခံစာ သတင်းပေးပို့ခြင်းမရှိတဲ့၊ နည်း စနစ်တကျမရှိ စည်းကမ်းပျက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခြင်း မဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်ထားလဲ သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်လို့ ပြောကြားသွားတာပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က “သတ်မှတ်စည်းကမ်းဖောက်ဖျက်လို့ တပ်မတော်(ရေ)စစ်ရေယာဉ်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိပြီး အရေးယူခဲ့တဲ့ ငါးဖမ်းရေယာဉ်စာရင်းကို ကြည့်မယ်ဆိုရင် ၂၀၀၇-၂၀၀၈ ခုနှစ်ကနေ ၂၀၁၆-၂၀၁၇ ခုနှစ်ထိ ၁၀ နှစ်တာကာလအတွင်း စုစုပေါင်း ၅၅၀ စီး ဖမ်းဆီး  အရေးယူခဲ့ရပါတယ်။ လက်ရှိ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ဒီနေ့ထိ ၁၃ စီး ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါတယ်။”လို့ပြောပါတယ်။ တရားမ၀င် ငါးဖမ်းဆီးတာတွေကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို လာရောက် လုပ်ကိုင်တဲ့ နိုင်ငံခြား ငါးဖမ်းရေယာဉ်တွေမှာ ဂြိုလ်တုစနစ်သုံး ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာတွေကို တပ်ဆင် ထိန်းချုပ်နေတယ်လို့သိရပါတယ်။ ဒ့ါအပြင် ပြည်တွင်း ငါးဖမ်းရေယာဉ်တွေမှာ တပ်ဆင်နိုင်ဖို့အတွက် စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုကို French Development Agency(AFD)ရဲ့ အထောက်အပံ့နဲ့ နည်းပညာနဲ့ ငွေကြေး အကူညီရယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒုဝန်ကြီးရဲ့ ပြောကြားချက်အရသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024