Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ
DVB
·
August 23, 2017
  ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၂၁ ရက် ညနေ ၄ နာရီမှာ သတင်းအရ မောင်တောမြို့နယ် မြို့ဦးအုပ်စုအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဇူလရွာနေသစ် ကုန်သည်/ပုဇွန်ကန်လုပ်ငန်း လုပ်ကိုင်သူ အာဆော့ဒူလာ(၃၈)နှစ် (ဖ)မော်ဂူလာမောက်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါ နေအိမ်ဝင်းအတွင်းရှိ ဆန်ဂိုထောင်အတွင်းမှ ဆာလာ အိတ်(၁၀)အိတ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ WYစာတမ်းပါ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြား ၊ လက်ပ်တော့(၁)လုံး၊ လက်ကိုင်ဖုန်း(၁)လုံးတို့နဲ့ အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူ အာဆော့ဒူလာကို မောင်တောမြို့မရဲစခန်းက ဥပဒေနဲ့အညီ အရေးယူနိုင်ရေး အမှုဖွင့်စစ်ဆေးနေပြီး  ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။ ဓာတ်ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024