မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ဝူရှူး ချန်းချွမ်ပြိုင်ပွဲမှာ မြန်မာဝူရှူး အားကစားမယ် မြတ်သက်ဆုဝေဖြိုးက ပထမ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။
ငွေတံဆိပ်ဆုကိုလည်း မြန်မာမှ စန္ဒီဦးက ရယူပေးခဲ့ပြီး တတိယဆုကိုတော့ ဗီယက်နမ်က ရရှိသွားပါတယ်။
အမျိုးသားဝူရှူးပြိုင်ပွဲ ထိုက်ချိချွမ်အမျိုးအစား ပွဲစဉ်မှာလည်း မြန်မာဝူရှူးကစားသမား ခန့်မင်းထက်က တတိယ ကြေးတံဆိပ်ဆု ရရှိသွားပါတယ်။
အမျိုးသား ကရာတေးပွဲစဉ်မှာတော့ မြန်မာက မင်းဟိန်းခန့်က တတိယရရှိသွားပြီး အမျိုးသား မီတာ ၅၀ ပစ္စတိုသေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာအားကစားသမား ကျော်စွာဝင်းက တတိယ ကြေးတံဆိပ် ရရှိသွားပါတယ်။