ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဆန္ဒပြ
သော်ဇင်မျိုး
·
August 22, 2017
မော်တော်ဆိုင်ကယ်တွေ လုံခြုံစွာရပ်နားနိုင်ဖို့ အမိုးအခင်းပါတဲ့ ဆိုင်ကယ် Stand တွေရှိရေးအတွက် ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့မနက် ပုသိမ်တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ငွေကြေးကောက်ခံပြီး ဆိုင်ကယ်ရပ်နား အပ်ခံတာတွေကို မလုပ်ဆောင်ဖို့ တက္ကသိုလ်တွေကို အစိုးရက ညွှန်ကြားဖျက်သိမ်းစေခဲ့တဲ့နောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ ဆိုင်ကယ်လုံခြုံရေးအတွက် တာဝန်ယူမှုမရှိတော့သလို ဆိုင်ကယ်ပျောက်ဆုံးမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျောင်းသားတွေရဲ့ သဘောထားလက်မှတ် ကောက်ခံရာမှာ လက်မှတ်ပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ပြီး လက်မှတ်တွေနဲ့အတူ ကျောင်းသားတွေရဲ့ ဆိုင်ကယ်ရပ်နားမှု လုံခြုံရေးအတွက် တက္ကသိုလ် အာဏာပိုင်တွေထံ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
နောက်ပိုင်းမှာလည်း အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ် အဆင်မပြေတဲ့ အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်လို့ ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုမြတ်မင်းက ပြောပါတယ်။