Sunday, June 11, 2023
HomeLead Storyတိုက်စစ်မှူး ချိန်ဘာလိန်ကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ကမ်းလှမ်း

တိုက်စစ်မှူး ချိန်ဘာလိန်ကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ကမ်းလှမ်း

အခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ချိန်ဘာလိန်ကို အာဆင်နယ်အသင်းက တပတ် ပေါင် ၁ သိန်း ၂ သောင်း ၅ ထောင်ထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ချိန်ဘာလိန်ကတော့ တပတ် ပေါင် တသိန်းခွဲလောက်ရဖို့ ဆန္ဒရှိနေပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်က ဆောက်သမ်တန်ကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း ၁၃၀ ကျော် ကစားပေးထားပြီး ၉ ဂိုး သွင်းယူပေးထားတာပါ။

သူ့ကို ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားမှုရှိနေပြီး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်က ငြင်းပယ်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular