ချဲလ်ဆီးနည်းပြ ကွန်တီက အသင်းမှာ နှစ်ပေါင်းများစွာ နည်းပြအဖြစ် လုပ်ကိုင်ချင်တယ်လို့ ပြောလိုက်ပါတယ်။
အီတလီသားနည်းပြ ကွန်တီဟာ စတန်းဖို့ဘရစ်ခ်ျ ကလပ်ကို ၃ နှစ်စာချုပ်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိလာပြီး ချဲလ်ဆီးကို ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
ချဲလ်ဆီးအသင်းဟာ လောလောဆယ်မှာ ဘောလုံးကွင်းသစ် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
နည်းပြ ကွန်တီကတော့ အသင်းနဲ့အတူ ဘောလုံးကွင်းသစ်ကြီးမှာ စိန်ခေါ်မှုတွေကို နှစ်ပေါင်းများစွာ အတူတကွ ရင်ဆိုင်ချင်တယ်လို့ ပြောပါတယ်။
ချဲလ်ဆီးအသင်းမှာ နည်းပြသက်တမ်း အကြာဆုံးအနေနဲ့ ၄ နှစ်အထိသာ ရှိခဲ့ဖူးပါတယ်။ ကွန်တီကတော့ အသင်းရဲ့ မှတ်တမ်းဆိုးတွေကို ချေဖျက်ချင်တယ်လို့လည်း ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရိသတ်ထိုင်ခုံပေါင်း ၆ သောင်းအထိဆန့်တဲ့ ကွင်းသစ်ဆောက်ဖို့အတွက် ခွင့်ပြုချက်လည်း ရရှိထားပါတယ်။