Home
မြန်မာသတင်း
လိုင်စင်မဲ့ကား ၄ စီး တားဆီးခံရ၊ ကျန်ကားများဖြင့် စစ်ဘေးရှောင်များကို သွားကူ
ပိုင်စိုး
·
August 21, 2017
  စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့လာတဲ့ ဖားကန့်က လူမှုရေးအဖွဲ့ရဲ့ လိုင်စင်မဲ့ကားလေးစီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာကြောင့် ကျန်တဲ့ လေးစီးနဲ့ပဲ သွားရောက်ကူညီလိုက်ရတယ်လို့ ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “မနေ့ညကပဲ စစ်ပြေးဒုက္ခသည်တွေ ရှိတဲ့ နမ္မတီး၊ လမ်းခွရွာကို သွားပေးခဲ့ပါတယ်။ လိုင်စင်မဲ့ ကားတွေနဲ့ အဲဒီကားတွေမှာပါတဲ့ ကူညီမယ့်ပစ္စည်းတွေကိုတော့ ရဲစခန်းမှာ ထားခဲ့ပါတယ်။ ဒီကားမောင်းတဲ့ သူတွေကိုလည်း ရဲက အမှုဖွင့်ထားပြီး အာမခံရထားပါတယ်။ တစ်ယောက်ကတော့ ဝတ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းခံထားရပါတယ်” လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း တာဝန်ခံ တယောက်ဖြစ်တဲ့ဦးဇော်ဂျတ်က ဒီဗွီဘီကို ပြောပါတယ်။ သူတို့ဟာ ကား ၈ စီးနဲ့ ကူညီဖို့ ပစ္စည်းတွေ သယ်ယူခဲ့ပေမယ့် ၄ စီးစာကိုပဲ သွားရောက်ကူညီခဲ့ရတာပါ။ နမ္မတီးမြို့နယ်၊ ကဆုန့်ဒေသမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် လူတစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး အကူအညီလိုအပ်နေတာပါ။ သူတို့ကို ကူညီဖို့ ဖားကန့်မြို့က ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း (myu sha zin lum) အဖွဲ့ သွားနေတုန်းမှာ မိုင် ၃၀ လောက်အလို ကာမိုင်းမြို့နားမှာ စစ်တပ်က တားဆီးခဲ့ပါတယ်။ အဲဒီနောက် ပါလာတဲ့ လူနဲ့ ကားတွေကို စစ်ဆေးပြီး လိုင်စင်မဲ့ ကားလေးစီးကို ရဲစခန်းမှာ ဖမ်းဆီး လိုက်တာပါ။ ခုလို တားဆီးထားပြီးနောက် ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အမျိုးသမီး တစ်ယောက် အတွင်းကြေဒဏ်ရာ ရထားတယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ - myu sha zin lum
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024