Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်တွင် အရက်ကြောင်နေသည့် သမက်က ယောက္ခမနေအိမ်ကို မီးရှို့
DVB
·
August 21, 2017
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ သြဂုတ် ၂၁ ရက် မနက် ၅ နာရီအချိန်က အရက်ကြောင် ကြောင်နေတဲ့ သမက်က ယောက္ခမဖြစ်သူ နေအိမ်ကို ဓာတ်ဆီလောင်ပြီး မီးရှို့မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ ကျွဲတဲရပ်ကွက်၊ စံပယ်လမ်းမှာနေတဲ့ ယောက္ခမဖြစ်သူ ဦးစံဝင်းရဲ့ ၃×၄ ပင် သွပ်မိုး ပျဉ်ကာပျဉ်ခင်း နေအိမ်ကို သမက်ဖြစ်သူ အောင်လွင်စိုးက အရက်ကြောင်ကြောင်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့ကာ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။ ဒု-ရဲမှူး သန်းထွန်းက “ယောက္ခမ နေအိမ်ကို အရက်ကြောင် ကြောင်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့သွားခဲ့တာပါ။ ပျဉ်ထောင်ပျဉ်ခင်းအိမ်ပါ။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်ဒဏ်ရာ မရရှိပါဘူး။ တရားခံကိုတော့ ခုမနက် ၇ နာရီ ခွဲလောက်မှာပဲ ဖမ်းမိပါတယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ မီးလောင်မှုကို မီးသတ်ယာဉ် ၁  စီးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ၁ နာရီနီးပါးလောက် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့သူ အောင်လွင်စိုးအား ရွှေကျင်မြို့ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024