Home
မြန်မာသတင်း
မောင်တောခရိုင် တိုင်းရင်းသားကျေးရွာများတွင် ရေချိုးငါးမွေးကန်များ ပြုလုပ်​ပေး
DVB
·
August 20, 2017
  အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ သားငါးပုစွန် ရှားပါးမှုပြဿာနာကို ဖြေရှင်းဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားစေဖို့ တိုင်းရင်းသား ကျေးရွာတွေမှာ ရေချိုးငါးမွေးကန်တွေ ပြုလုပ်ပေးနေပါတယ်။ မောင်တောဒေသမှာ ကျေးရွာ ၉၂ ရွာမှာ ရေချိုငါးမွေးကန်တွေ ပြုလုပ်ပေး သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုင်းရင်းသားကျေးရွာ၅ ရွာမှာ တစ်ဧက ၁ ကန်နှုန်း တူးဖော်ဆောင် ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးးစီးမှူး ဒေါက်တာညွန့်ဝေက ပြောပါတယ်။ ”မောင်တောခရိုင်ဆိုလို့ ရှိရင် တိုင်းရင်းသားကျေးရွာ ၉၂ ရွာ ရှိပါတယ်။ ဘဂါင်္လီတွေရွာတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ရော ငါးလုပ်ငန်း ဦးစီးဌာနရော လက်တလော တိုင်းရင်းကျေးရွာတွေကို ဦးစားပေးပြီးတော့ ရေချိုးငါးမွေးမြူးရေကန်တွေ တူဖော်ပြီးတော့ မွေးမြူးရေးဆောက်ရွက်ဖို့ ရှိပါတယ်။ ပြောမယ်ဆိုရင်တော့ ၈၂ ရွာမှာ ဆောင်ရွက်ပေးလို့ရပါတယ်။ ၅ ရွာမှာ တဧက ၁ ကန်နှုန်း တူးဖော် ဆောင်ရွက်ပေးလျှက်ရှိပါတယ်”လို့ ပြောပါတယ်။ မောင်တောခရိုင်အတွင်း လက်တလောအကြမ်းဖက်မှုတွေဖြစ်နေရင်တောင် သားငါး ရိက္ခာတွေ ပြတ်လပ်မှု မရှိစေဖို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မောင်တောခရိုင်အတွင်းမှာ ရေငန်ပုစွန် မွေးမြူးရေးဧက ၁၅၀၀၀ ဝန်းကျင်ရှိပြီး လိုအပ်နေတဲ့ အကူအညီတွေကို ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရအပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေကို တင်ပြတောင်းခံထားတယ်လို့ ပြောပါတယ်။ ဒေါက်တာညွန့်ဝေက “လိုအပ်ချက်တွေကို ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တင်ပြထားပါတယ်။ အဲ့ဒီမောင်တော်ခရိုင်မှာ ရေငန်ပုစွန်မွေးမြူရေးဧက ၁၅၀၀၀ ခွဲလောက်ရှိတယ်။ အဲ့ဒီ၁၅၀၀၀ လောက်ကို ကန်တွေလည်း ပြင်မယ်၊ သားပေါက်လည်းထည့်မယ်၊ အစာလည်း ကျွေးမယ်။ နည်းပညာလည်း ကူညီမယ်ဆိုရင် မောင်တောခရိုင်ရဲ့ အသားငါးစားသုံးမှုမှာ တိုးတက်လာမှာ ဖြစ်တယ်။ ပြည်ပပို့ကုန်လည်း တိုးတက်လာမှာ ဖြစ်တယ်။ အဲဒီရဲ့လိုအပ်ချက်တွေကိုလည်း အသေးစိတ် တွက်ချက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးကို တင်ပြဆောင်ရွက်လျှက်ရှိပါတယ်”လို့ ပြောပါတယ်။ ငါးပုစွန်ကန် တူးဖော်ရေးနဲ့ပတ်သက်လို့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တဧကကို ခန့်မှန်းကုန်ကျငွေ ၇၅ သိန်းဝန်းကျင်ရှိပြီး ရခိုင်ပြည်နယ် ဒေသဖွံဖြိုး တည်ငြိမ်းအေးချမ်းရေးကော်မတီရဲ့ အစီစဉ်နဲ့ ဆောင်ရွက်နေတာလို့ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024