Home
မြန်မာသတင်း
ကုလ ပိတ်ဆို့တားဆီးမှုအား ရှုတ်ချသည့်ပိုစတာများ ထုတ်ဝေရန် မြောက်ကိုရီးယား ပြင်ဆင်
DVB
·
August 20, 2017
ကုလသမဂ္ဂရဲ့ ပိတ်ဆို့တားဆီးမှုတွေကို ရှုတ်ချတဲ့ ပိုစတာအသစ်တွေကို မြောက်ကိုရီးယားက ထုတ်ဝေဖို့ ပြင်ဆင်နေတယ်လို့တယ်။ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA ကနေ ရိုက်တာသတင်းဌာနကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုမှာ ပြုံယမ်းမြို့ရဲ့ လမ်းမတွေပေါ်မှာထားမယ့် ပိုစတာတွေကို ဒီဇိုင်နာတွေက ရေးဆွဲနေကြတာ တွေ့မြင်ရပါတယ်။ ရိုက်တာကတော့ ဒီဗွီဒီယိုကို သူတစ်ဖွဲ့တည်း လွတ်လွတ်လပ်လပ်အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ အမေရိကန်ပြည်မအထိ ရောက်အောင်ပစ်နိုင်တဲ့ နျူကလီးယားလက်နက်တွေကို မြောက်ကိုရီးယားက မြန်မြန်ဆန်ဆန် ထုတ်လုပ်လာနိုင်လို့ ကမ္ဘာတ၀န်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဇွန် ၅ ရက်နေ့မှာ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့တားမြစ်မှုအသစ်တွေ ချမှတ်ခဲ့ပြီး အဲဒီပိတ်ဆို့မှုတွေကို နိုင်ငံအားလုံးက သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024