Monday, May 29, 2023
HomeLead Storyအိန္ဒိယတွင် ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၂၃ ဦး သေဆုံး

အိန္ဒိယတွင် ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၂၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ်တျာပရာဒေ့ရှ် ပြည်နယ်မှာ သြဂုတ် ၁၉ ရက်နေ့က ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် လူအနည်းဆုံး ၂၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ကမ္ဘာ့လေးခုမြောက် အကြီးဆုံး ရထားကွန်ရက်ရှိရာ အိန္ဒိယနိုင်ငံမှာ ရထားတိုက်မိမှု မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရထားလမ်း ကွန်ရက်အတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးပြီး ရထားစီး ခရီးသည် တိုးလာနေတာပါ။

ဒါကြောင့် တကျွီကျွီ မြည်နေတဲ့ ရထားလမ်းတွေပေါ်မှာ လူတွေ ကြပ်ညပ်နေတဲ့ ရထားတွေ ပြေးဆွဲနေပါတယ်။

သြဂုတ် ၁၉ ရက်နေ့ ရထား မတော်တဆမှုဟာ ဒီနှစ်အတွင်း လေးကြိမ်မြောက် အကြီးစား ခရီးသည်တင် ရထားလမ်းချော်မှု ဖြစ်လာပါတယ်။ ဥတ်တျာပရာဒေ့ရှ် ပြည်နယ်အတွက် တတိယမြောက်ပါ။

အစိုးရ သံမဏိကုမ္ပဏီက ရထားသံလမ်းအသစ်တွေအတွက် တောင်းဆိုချက်ကို မပြည့်မီ နိုင်သေးလို့ အိန္ဒိယရဲ့ ရထားလမ်း ကွန်ရက်ဘေးကင်းရေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်က နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – PTI

RELATED ARTICLES
- Advertisment -
Google search engine

Most Popular