Home
မြန်မာသတင်း
ချောက်မြို့တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ​နေ့ချင်းပြီး လိုင်စင်ပြုလုပ်ပေး
DVB
·
August 18, 2017
ချောက်မြို့နယ်အတွင်းက လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို သြဂုတ် ၁၆ နဲ့ ၁၇ ရက်တွေက ပြုလုပ်ပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေး၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး အမှတ် (၁၀)၊ အေးစေတီရပ် မဟာအေးစေတီဘုရား၊ ခြေတော်ရင်း မြေကွက်လပ် ဘောလုံးကွင်းမှာ ပြုလုပ်ပေးခဲ့တာပါ။ ဆိုင်ကယ်လိုင်စင်သစ် ပြုလုပ်ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံထုတ် အင်ဂျင်ပါဝါ ၁၁၀ စီစီအောက် ၁၂၃ စီး၊ ထိုင်းနိုင်ငံထုတ် အင်ဂျင်ပါဝါ ၁၁၀ အောက် ၁ စီး၊ တရုတ်နိုင်ငံထုတ် အင်ဂျင်ပါဝါ ၁၂၅ စီစီအောက် ၃၉ စီး၊ ထိုင်းနိုင်ငံထုတ် အင်ဂျင်ပါဝါအောက် ၁ စီး၊ စုစုပေါင်း ၁၆၄ စီးတို့ကို ယာဉ်မှတ်ပုံတင်တွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခွန်ငွေစုစုပေါင်း ၁၆၀၂၄၄၀၀ ကျပ် ရရှိခဲ့ပြီး ဒီနေ့မှာလည်း ဆိုင်ကယ်လိုင်စင်တွေ ဆက်လက်လုပ်ဆောင်ပေးနေတာပါ။ အခုလို တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လာရောက်လုပ်ဆောင်ပေးတာကြောင့် ချောက်မြို့နယ်ထဲက ပြည်သူတွေရဲ့ အချိန်၊ ငွေကြေးကုန်ကျမှု သက်သာစေတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024