Home
မြန်မာသတင်း
သူ​ေဌးကျွန်းဟိုတယ်​က အမေ့အိမ် အခမဲ့ပညာရေးကွန်ရက်ကို ငွေလှူဒါန်း
DVB
·
August 18, 2017
သူဌေးကျွန်းဟိုတယ် မိသားစုက ကော့သောင်း အမေ့အိမ် အခမဲ့ပညာရေးကွန်ရက်ကို ငွေကျပ် ၁၄ သိန်းနဲ့ စတိတ်စင်တခု လှူဒါန်းခဲ့ပါတယ်။ သူဌေးကျွန်းဟိုတယ် မိသားစုက မိန်းစပွန်ဆာအဖြစ် သူဌေးကျွန်းဟိုတယ် ဘောလုံးကွင်းမှာ ပြီးခဲ့တဲ့ မတ် ၂၆ ရက်က မေခလာ၊ မနော၊ အောင်ထက်တို့နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ အမေ့အိမ် အခမဲ့ပညာရေးကွန်ရက် ရန်ပုံငွေ ရှာဖွေရေးပွဲမှာ ရရှိခဲ့တဲ့ ငွေသား ၁၄ သိန်းကျပ်နဲ့ စတိတ်စင်တခုကို သြဂုတ် ၁၆ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အမေ့အိမ် အခမဲ့ပညာရေးကွန်ရက် တာဝန်ခံ ဦးကျင်စံက အခုလို ပညာရေးအတွက် ရန်ပုံငွေရှာပေးတဲ့ သူဌေးကျွန်းဟိုတယ် မိသားစုနဲ့ လာရောက်အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကို အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သတင်း - ပလုတ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024