ပြင်ဦးလွင်မြို့တွင် လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်စီတန်းလှည့်လည် (ဓာတ်ပုံ)
DVB
·
August 18, 2017
ပြင်ဦးလွင်မြို့မှာ ၈၈၈၈ လူထုဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ် သြဂုတ် ၁၈ ရက်မနက်က ဒေသခံတွေက သုံးရောင်ချယ်ဒေါင်းအလံနဲ့ ခွပ်ဒေါင်းအလံတွေ ကိုင်ပြီး မြို့တွင်းစီတန်းလှည့်လည်ခဲ့ကြပါတယ်။
အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို လည်း ရွှေစည်းခုံကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး အရေးတော်ပုံအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူတွေအတွက် ဆုတောင်း မေတ္တာပို့ အမျှဝေခဲ့ပါတယ်။
ပြင်ဦးလွင်မြို့မှာ ၁၉၈၈ အရေးတော်ပုံကာလက တပ်နယ်မြေဖြစ်နေတာကြောင့် အရေးတော်ပုံ လှုပ်ရှားဖို့ ခက်ခဲခဲ့တာကြောင့် တခြားမြို့တွေထက် ၁၀ရက်နောက်ကျပြီးမှ လူထုဆန္ဒပြပွဲတွေ ကျင်းပခဲ့ရတာဖြစ်ပါတယ်။
သတင်း-ဓာတ်ပုံ အိမ်ခိုင်မြဲ