Sunday, June 11, 2023
HomeLead Storyမြောက်ကိုရီးယားနှင့်ဆက်ဆံရေး ဖြတ်တောက်သင့်ဟု လက်တင်အမေရိက လေးနိုင်ငံကို အမေရိကန် ပြော

မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ဖြတ်တောက်သင့်ဟု လက်တင်အမေရိက လေးနိုင်ငံကို အမေရိကန် ပြော

ဘရာဇီး စတဲ့ လက်တင်အမေရိက ၄ နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်သင့်တယ်လို့ အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ်က ပြောလိုက်ပါတယ်။

သြဂုတ် ၁၆ ရက်က ချီလီသမ္မတ ဘာချီလီနဲ့ အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ်တို့ ချီလီနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားသွားတာ ဖြစ်ပါတယ်။

“သမ္မတထရမ့် ရှင်းရှင်းလင်းလင်း ပြောထားသလိုပါပဲ၊ မဟာဗျူဟာမြောက် သည်းခံမှုဆိုတဲ့ခေတ်က ကုန်သွားပါပြီ။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကျနော်တို့လက်ထဲမှာ ရွေးချယ်စရာ နည်းလမ်းအားလုံး ရှိပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူလက်နက်အစီအစဉ်၊ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်တွေကို စွန့်လွှတ်တဲ့အထိ အမေရိကန်ရဲ့ ပါဝါ၊ စီးပွားရေးနဲ့ သံတမန်ရေးနည်းလမ်းတွေကို အစွမ်းကုန်သုံးသွားမှာပါ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့ဟာ ကမ္ဘာတဝန်းက နိုင်ငံတွေကို အထောက်အပံ့ ပေးနေပါတယ်။

“ဒီမနက်ကပဲ သမ္မတ ဒေါ်နယ်ထရမ့်ပြောသလို မြောက်ကိုရီးယားရဲ့ ရန်စတဲ့လုပ်ရပ်၊ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ကိုင်တွယ်ဆက်ဆံတာနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ စတွေ့နေရပါပြီ။ ဒါပေမယ့် လုပ်စရာတွေကတော့ အများကြီးကို ကျန်ပါသေးတယ်။ ကျနော် ချီလီသမ္မတ ဘာချီလီနဲ့ ဒီနေ့ဆွေနွေးခဲ့သလိုပါပဲ၊ အမေရိကန်ဟာ မြောက်ကိုရီးယားကို သံတမန်ရေး အထီးကျန်ဖြစ်အောင် လုပ်ထားတဲ့ လုပ်ရပ်ဟာ အလွန်အရေးပါတယ်လို့ သတ်မှတ်ထားပါတယ်။ ဒီတော့ ကျနော်တို့အနေနဲ့ ဘရာဇီး၊ ချီလီ၊ မက္ကဆီကိုနဲ့ ပီရူးနိုင်ငံတွေကို မြောက်ကိုရီးယားနဲ့လုပ်ထားတဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး အဆက်အဆံတွေကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်းပါတယ်။ နောက်ပြီး ချီလီဝိုင်တွေကို မြောက်ကိုရီးယားက လက်ခံရယူပြီး အမေရိကန်ဒေါ်လာငွေ ရနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ချီလီဝိုင်ပို့ကုန်တင်ပို့မှုကို သတ်မှတ်ချက်အသစ် ချမှတ်ခဲ့တဲ့ ချီလီနိုင်ငံရဲ့ လုပ်ရပ်ကိုလည်း ကြိုဆိုပါတယ်” လို့ အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ်က ပြောကြားသွားတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular