တနိုင်ငံလုံးတွင် A(H1N1) ရောဂါပိုးတွေ့ သေဆုံးသူ ၂၇ ယောက်အထိရှိလာ
DVB
·
August 18, 2017
တနိုင်ငံလုံး အတိုင်းအတာအရ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးတွေ့ သေဆုံးလူနာ ၂၇ ယောက်အထိ ရှိသွားပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းအထိ သံသယလူနာ ၃၈ ယောက်ကို ဓာတ်ခွဲစမ်းသပ်ရာမှာ H1N1 ပိုးတွေ့လူနာ ၁၅ ယောက် ထပ်မံ တွေ့ရှိပြီး သေဆုံးသူ လူနာ တယောက် တိုးခဲ့ပါတယ်။
ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံ တက်ရောက်ကုသသူ ၇၂၅ ယောက် ရှိပြီး အဲဒီထဲကနေ ရာသီတုပ်ကွေး A (H1N1) ပိုးတွေ့ လူနာစုစုပေါင်း ၂၇၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။
လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါနဲ့ ဆေးရုံတက် ကုသနေသူတွေထဲမှာ H1N1 ပိုးတွေ့ လူနာတွေသာမက ပိုးမတွေ့ လူနာတွေကိုလည်း လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ ကုသရေး လမ်းညွှန်အတိုင်း ထိရောက်တဲ့ ကုသမှုတွေရရှိဖို့ အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်မားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။