Saturday, June 10, 2023
HomeLead Storyမြောင်းမြမြို့က ဈေးအချို့ကို FDA ရှောင်တခင်ဝင်ရောက်စစ်ဆေး

မြောင်းမြမြို့က ဈေးအချို့ကို FDA ရှောင်တခင်ဝင်ရောက်စစ်ဆေး

‌မြောင်းမြမြို့က ကတို့ဈေး၊ ကုန်စိမ်းဈေး၊ သမဈေး၊မြသာယာဈေးတွေကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဩဂုတ်လ ၁၇ ရက်နေ့မှာ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး FDA ဦးစီးအရာရှိ ဒေါက်တာပြုံးမြတ်သူက “မျှစ်၊ မျှင်ငါးပိ၊ ပဲသွေး၊ ပဲပြား၊ ခေါက်ဆွဲဖတ်၊ နနွင်းမှုန့်၊ သကြားလုံး၊ တုတ်ထိုးချိုချဉ်၊‌ ဂျယ်လီနဲ့ အချိုရည်တွေ အပါအဝင် ဈေးကွက်နမူနာ ၄၆ မျိုး ကောက်ယူခဲ့ပြီး ၁၂ မျိုးကို ဖော်မလင်နဲ့ သုံးမခွင့်မရှိတဲ့ အက်စစ်တမျိုးကို စစ်ဆေးခဲ့ရာမှာ တွေ့ရှိခြင်းမရှိဘူးလို့ ဆိုပါတယ်။ ကျန်ရှိတဲ့နမူနာ စားသောက်ကုန်တွေကိုတော့ ဆိုးဆေးပါ၊ မပါ ဆက်လက်စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

FDA အနေနဲ့ ‌စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေကို ဈေးနမူနာကောက်ယူ စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဧရာဝတီတိုင်းအတွင်းမှာတော့ ဖော်မလင်ပါရှိတဲ့ အမဲသွေး၊ ပဲသွေးနဲ့ ပဲပြား ထုတ်လုပ်တဲ့ လုပ်ငန်းအချို့ကို အရေးယူထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular