Live
Home
မြန်မာသတင်း
စလင်းမြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ရ
ဇော်ဖေ
·
August 17, 2017
ဧရာဝတီမြစ်ရေတိုက်စားခဲ့တာကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်မကျွန်းအုပ်စုက ရေလည်စုကျေးရွာနဲ့ ချင်းပစ်ကျေးရွာက အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ခဲ့ရပါတယ်။ ဧရာဝတီမြစ်ရေ တိုက်စားခဲ့တာကြောင့် မြစ်ကမ်းပါးတွေဟာ ဇူလိုင်လဆန်းပိုင်းကတည်းက ဆက်တိုက်ပြိုကျနေတာပါ။ ဆင်မကျွန်းဟာ မြစ်ကျိုးအင်းတခုလို ဖြစ်နေတာကြောင့် ရေစီးဝင်လာတဲ့နေရာကို ပိတ်ပေးနိုင်ရင် ကမ်းပါးတွေပြိုတာ သက်သာနိုင်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြစ်ကမ်းပါးတွေပြိုတာ ၅ နှစ်လောက်အတွင်းမှာ နှစ်ခါလောက်ရှိပြီး အိမ်ဝိုင်းမြေနေရာ တကွက်ကို ၁၂ သိန်းပေးရတဲ့ ကိုင်းမြေတွေလည်း ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဒေသမှာ မြစ်ကမ်းပါးပြိုတာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်ပြီး ရေရှည်အတွက် မြစ်ကမ်းပါး ထိန်းသိမ်းရေး သီးသန့်ဘတ်ဂျက်ရရှိဖို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စလင်းမြို့နယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မြစ်ကမ်းပါးတွေ စပြိုစဉ်က တအိမ်ထောင်ကို လူ/ကယ်ပြန် ဝန်ကြီးဌာနက  ငွေကျပ် ၁ သိန်းနဲ့ တပတ်စာ ဆန် ထောက်ပံ့ပေးခဲ့ပြီး အခုနောက်ပိုင်းမှ ပြောင်းရွှေ့နေရတဲ့ အိမ်ထောင်စုတွေအတွက် ဆက်လက် တင်ပြထားတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024