Home
မြန်မာသတင်း
အင်းတော်တွင် တရားမ၀င်သယ်ဆောင်လာသည့် နွား ၁၄ ကောင် ဖမ်းမိ
DVB
·
August 17, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်နားမကျိုင်းရွာအနီးမှာ သြဂုတ်လ ၁၆ ရက်ညနေ ၅ နာရီခွဲက တရားမဝင်သယ်ဆောင်တဲ့ နွား ၁၄ ကောင် ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ နဘားရဲကင်း စခန်းမှူး ရဲအုပ်ခင်ဇော်ထိုက်ဟာ နဘားကျေးရွာအုပ်စု နားမကျိုင်းရွာ အနောက်ဘက် ၁ မိုင်အကွာ ရွှေဘို-မြစ်ကြီးနားကားလမ်း အနောက်ဘက်မှာ တရားမဝင်နွားများ သယ်ဆောင်နေတယ်လို့ သတင်းအရ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ နွား ၁၄ ကောင်၊ (ကာလတန်ဖိုး ၈၀ ကျပ်) ကို ဝင်းစိုးနဲ့အတူ၊ နွားသယ်ဖို့ ရောက်ရှိနေတဲ့ ၆ ဘီးယာဉ် ယာဉ်မောင်း အောင်စိုးမင်း၊ ယာဉ်နောက်လိုက် သန်းနိုင်ဦးတို့ကိုလည်း တွေ့ရှိရတယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦး ပြောပါတယ်။ စစ်ဆေးမေးမြန်းချက်အရ နွား ၁၄ ကောင်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနရဲ့ တရားဝင်သယ်ဆောင်မောင်းနှင်ခွင့်ပြုချက် စာရွက် စာတမ်းအထောက်အထား တစုံတရာ ပြသနိုင်ခြင်းမရှိလို့ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အင်းတော်မြို့မ ရဲစခန်းက တရားမ၀င် နွားသယ်ဆောင်လာသူ သုံးဦးကို အရေးကြီးကုန်စည်ဥပဒေပုဒ်မ-၅ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024