ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 17, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၈၀၉၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၈,၀၀၀ ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၂၇၅ ကျပ်ကနေ ငွေကျပ် ၁၆၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို နှစ်ဆယ့်ငါးကျပ် ဈေးကျဆင်းသွား ပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၅၀ ကျပ်ကကနေ ၆၈၀ ပေါက်ဈေးရှိပါတယ်။
ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၁၅၀ ကျပ်ကနေ ငွေကျပ် ၁၆၅၀ ပေါက်ဈေးရှိပါတယ်။
စွန်တာနီ
မန္တလေးကုန်စည်ဒိုင်မှာတော့ စွန်တာနီက ၁ အိတ်ကို ငွေကျပ် ၈၀,၀၀၀ ကနေ ၈,၁၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၆,၉၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ၃၁၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ငွေကျပ ၂၉,၁၀၀ ပေါက်ဈေးရှိ ပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA