Home
မြန်မာသတင်း
မြန်မာအိမ်ဖော်ကို လစာမပေးသည့် စင်ကာပူအိမ်ရှင်ကို တရားစွဲ
DVB
·
August 17, 2017
  မြန်မာအိမ်ဖော်ရဲ့လုပ်ခလစာတွေကို ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အသက် ၃၀ အရွယ် စင်ကာပူ အိမ်ရှင်အမျိုးသမီး လီဂျန်ကို စင်ကာပူတရားရုံးက သြဂုတ် ၁၅ ရက်မှာ တရားစွဲဆိုလိုက်တယ်လို့  စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာန MOMက ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံသား အိမ်အကူအလုပ်သမားဟာ ၂၀၁၆ ခုနှစ် မတ်လ ၇ ရက်ကနေ အခု ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ထိ  ဘာလုပ်ခလစာမှ ရရှိခဲ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မြန်မာအိမ်ဖော်ရရှိမယ့် လုပ်ခလစာပမာဏ စုစုပေါင်း ဒေါ်လာ ၅၇၅၀ လောက်ရှိပြီး အိမ်ရှင်အနေနဲ့ စွဲချက် ၁၃ ခုနဲ့ တရားရင်ဆိုင်ရမယ်လို့ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာန MOM က ထုတ်ပြန် ကြေညာချက်မှာဖော်ပြပါတယ်။ အိမ်ရှင်အနေနဲ့ အိမ်အကူ ငှားရမ်းခွင့် တားမြစ်ပိတ်ပင်ခံထားရပြီး နိုင်ငံခြားသား အလုပ်သမား ဥပဒေပါ အလုပ်လုပ်ခွင့်ပါမစ်ပါ အချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ တရားရုံးမှာကြားနာဖို့ရှိပြီး တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် အိမ်ရှင်မစ္စလီဟာ  ဒေါ်လာ ၁ သောင်း ဒဏ်ကြေး ဒါမှမဟုတ် ထောင်ဒဏ် ၁၂ လကျခံရနိုင်ပါတယ်။ အလုပ်ရှင်တွေအနေနဲ့ အိမ်အကူအလုပ်သမားတွေကို လခပေးရမယ့်နောက်ဆုံးနေ့ကနေ ၇ ရက်ထက်နောက်မကျဘဲ လုပ်အားခပေးဖို့၊ လစာမှတ်တမ်းကိုသိမ်းထားပြီး ဌာနရဲ့ ထောက်ခံချက်ရယူဖို့၊ လစာကို အလုပ်သမားတွေရဲ့ကိုယ်စားသိမ်းပေးမထားဖို့  MOM က အသိပေးထားပါတယ်။ လုပ်အားခမရတဲ့ အလုပ်သမားတွေအနေနဲ့လည်း  အစိုးရ၀န်ကြီးဌာနနဲ့ မိမိရဲ့ အလုပ်သမားအေဂျင်စီမှာ  စောလျင်စွာ အကူအညီတောင်းဖို့လည်းတိုက်တွန်းထားပါတယ်။ လစာမရတဲ့ အိမ်အကူ အလုပ်သမားတွေအနေနဲ့  MOM ဌာန အီးမေး  [email protected] နဲ့ တယ်လီဖုန်းနံပတ်  6438 5122 ကိုဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024