Home
မြန်မာသတင်း
မူးယစ်ဆန့်ကျင်အဖွဲ့ဝင်တဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့
Aung Ko Latt
·
August 17, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ကျေးရွာအနီး ဩဂုတ် ၁၃ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ ပျောက်ဆုံးနေတဲ့ မူးယစ်ဆန့်ကျင်အဖွဲ့ဝင် ကျော်မိုး(ခ) အောင်ကျော်မိုးရဲ့ အလောင်းကို ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကျော်မိုး(ခ)အောင်ကျော်မိုး အလောင်းကို ဟဲဖက်ကျေးရွာ မြောက်ဘက် အခင်းဖြစ်ရာ နေရာနဲ့ ၁ မိုင်ခန့်အကွာ ချောင်ကြီးချောင်းကမ်းမှာ  နဖူးမှ နောက်စေ့ ဖောက်ထွက် သေနတ်ဒဏ်ရာ ၁ ချက်၊ ယာနားထင် ပေါက်ထွက် ဒဏ်ရာ ၁ ချက်နဲ့  ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ရတာပါ။ တွေ့ရှိရတဲ့ အလောင်းကို ဟုမ္မလင်းမြို့နယ် နမ့်တောတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိုင်းကိုင်းနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းညွန့်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေတယ်လို့ မိုင်းကိုင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းကသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024