Home
မြန်မာသတင်း
ဘင်္ဂလီအကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ပေးရန် တပ်မတော်သားအမတ်တိုက်တွန်း
DVB
·
August 16, 2017
  ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်ပြီး ဘင်္ဂလီအကြမ်းဖက်သမားတွေနဲ့ ဘင်္ဂလီအကြမ်းဖက်အဖွဲ့ အာဖြစ် သတ်မှတ်ပေးဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ဒီကနေ့ အမျိုးသား လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးသွားပါတယ်။ ဘင်္ဂလီ အကြမ်းဖက်အဖွဲ့တွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့နဲ့ နေရပ်စွန့်ခွာ တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေ ဆက်လက်ရပ်တည်ရေးအတွက် အရေးယူ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးသွားတာပါ။ နည်းမျိုးစုံနဲ့ ဘင်္ဂလားနယ်က ၀င်ရောက်လာသူတွေကို ဘင်္ဂလီလို့ သတ်မှတ်ပေးဖို့၊ အကြမ်းဖက်သူတွေကိုလည်း ဘင်္ဂလီအကြမ်းဖက်သူတွေ၊ ဘင်္ဂလီအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပေးဖို့နဲ့ အကူအညီပေးနေသူတွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာပေးဖို့ တပ်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးရွှေက  ပြောတာပါ။ “ ဒီလို ကြေညာဖို့ အစိုးရနဲ့ လွှတ်တော်တို့ကလည်း တွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုသတ်မှတ်ပေးမှသာ ဘင်္ဂလီအကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်သွားမှာဖြစ်ပါတယ်။ ဒါအပြင် မီဒီယာက ထောက်ပံ့အကူအညီပေးသူတွေ၊ မဟုတ်မမှနန် လွှင့်ထုတ်နေတာတွေ ရပ်တန့်သွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်မသွားရင် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြတိုင်ကြားဖို့ လိုအပ်ပါတယ် ” ဒီအဆိုကို သြဂုတ် ၁၆ ရက်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  ၂ဦးအပါအ၀င် ၅ဦး ဆွေးနွေးခဲ့ပြီး သြဂုတ် ၁၈ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ထပ်မံဆွေးနွေးဦးမှာဖြစ် ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နဲ့ သြဂုတ်လ ၁၁ ရက်နေ့တွေက နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီး ဌာနကနေဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို အစွန်းရောက်အကြမ်းသမားတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးအတွက် အစီအမံတွေ ဆောင်ရွက်တာမှာ လူပုဂ္ဂိုလ်၊ ဒေသလုံခြုံ တည်ငြိမ်ရေးသာ မဟုတ်ဘဲ ရခိုင်ပြည်နယ်ရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း   ဗိုလ်မှုးကြီး စိုးရွှေက ဆိုပါတယ်။ “ ရခိုင်တိုင်းရင်းသားတွေ လက်မခံတဲ့ အချို့ UN အဖွဲ့အစည်းတွေ၊ NGO၊ INGO တွေရဲ့ မညီမျှတဲ့ ဆောင်ရွက်နေတာတွေကိုလည်း တားဆီးပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ ရေရှည်လုံခြုံရေး၊ နိုင်ငံတော်ရဲ့ နယ်မြေ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရလည်း တိတိကျကျ ဆောင် ရွက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောပါတယ်။ အစွန်းရောက်အကြမ်းဖက်တွေ၊ အစွန်းရောက်အားပေး ကူညီသူတွေ အားလုံးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်၊ ဒေသတွင်းတိုးမြင့်လာတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ရပ် တန့်ချုပ်ငြိမ်းရေးနဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး  လိုအပ်ရင်  ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ် ပြန်မယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024