Home
မြန်မာသတင်း
သိန်း ၁၅၀၀ ကျော် အလွဲသုံးစားမှုဖြင့် CB ဘဏ် လက်ထောက်မန်နေဂျာ လာရောက်အဖမ်းခံ
DVB
·
August 16, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကျပ်သိန်း ၁၅၀၀ကျော် အလွဲသုံးစားမှုနဲ့ တိုင်းကြားခံရသူ CB ဘဏ်ခွဲက လက်ထောက်မန်နေဂျာအမျိုးသမီး သြဂုတ် ၁၅ ရက်က လာရောက်အဖမ်းခံခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ သြဂုတ် ၁၁ ရက် ည ၇ နာရီလောက်မှာ ညောင်လေးပင် CB ဘဏ်ခွဲက လက်ထောက်မန်နေဂျာဟာ သူတာဝန်ယူဆောင်ရွက်ရတဲ့ (ချေးငွေ/စီမံဌာနစိတ်) က ငွေကျပ် ၁၅၄,၆၇၂,၀၀၀ ကို ဘဏ်ကိုမသွင်းဘဲ မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခဲ့တယ်ဆိုပြီး ညောင်လေးပင် CB ဘဏ်ခွဲ မန်နေဂျာ ဒေါ်ပြည့်စုံဝင်းက တရားလိုလုပ် အမှုလာဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။ စခန်းမှူး ဒု ရဲမှူးဇော်မိုးက “မနေ့ကလာပြီး အဖမ်းခံပါတယ်။ ကျနော်တို့ သူ့မိဘတွေကို လာအပ်ပေးဖို့ စည်းရုံးလိုက်တယ်လေ။ ရန်ကုန်ရောက်နေတာ လားမသိဘူး။ သူ့အဖေအမေတွေကို ဆက်သွယ်တဲ့အချိန် သူ့မိဘတွေ ခေါ်လာပြီး လာအပ်ပေးတာပေါ့။ အဲဒီညကတည်းက သူ့မိဘတွေ အကြောင်းကြားပါတယ်။ မနက်ဖြန် လာအပ်ပေးမယ်လို့။ မနက် ၁၀ နာရီလောက်ကျတော့ စခန်းကို လာရောက်အဖမ်းခံတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024