Home
မြန်မာသတင်း
ကချင်နှင့်ကယားကလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းအားလုံးတွင် A(H1N1) ရောဂါဖြစ်ပွား
DVB
·
August 16, 2017
ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲပြီး နေပြည်တော်အပါအ၀င် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ  A(H1N1) ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုရှိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရောဂါကူးစက်ခံရသူ အများဆုံးကတော့  ရန်ကုန်တိုင်းဖြစ်ပြီး အတည်ပြုလူနာ ၇၉ ဦးထိရှိပါတယ်။  ပဲခူးတိုင်းမှာ အတည်ပြုလူနာ  ၃၇ ဦး၊ ဧရာဝတီတိုင်းမှာ  ၃၄ ဦးနဲ့ ရှမ်းပြည်နယ်မှာ ၁၅ ဦးရှိပါတယ်။    ချင်းပြည်နယ်မှာ ၁၃ ဦး၊ မန္တလေးမှာ ၁၂ဦး၊ တနင်္သာရီမှာ ၁၁ဦး၊  မကွေးမှာ ၁၀ဦး၊ စစ်ကိုင်းမှာ၇ဦး၊   H1N1 ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာ ၆ ဦး၊ ကရင်ပြည်နယ်မှာ ၂ ဦး၊ ရခို်င်ပြည်နယ်မှာ ၁ဦးရောဂါအတည်ပြုနိုင်ပြီး   ကူးစက်ခံရမူ လုံးဝ မရှိတာကတော့ ကချင်နဲ့ ကယားပြည်နယ်တွေ ဖြစ်ပါတယ်။ ရောဂါတွေ့ရှိသေဆုံးလူနာ အများဆုံးဒေသကတော့ ဧရာဝတီတိုင်းကဖြစ်ပြီး  ၉ ဦးသေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းက ၇ ဦး၊ ပဲခူးတိုင်းက ၃ ဦး၊ မကွေးတိုင်းက ၂ ဦး၊ ကရင်၊ မွန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ၁ဦးစီသေဆုံးခဲ့ပါတယ်။ ဇူလိုင်၂၁ ရက်ကနေ သြဂုတ် ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့  A(H1N1) ရောဂါ ကူးစက်ခံရသူစုစုပေါင်း  ၂၄၂ ဦးရှိပြီး သေဆုံးသူ ၂၅ ဦးရှိသွားပြီလို့ ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024