Home
မြန်မာသတင်း
မော်တော်ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်၊ လူ ၃ ဦးသေဆုံး
DVB
·
August 14, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ ပိန္နဲပင်ကွေ့မှာ သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ပရိုဘောက်အမျိုးအစား မော်တော်ယာဉ်နဲ့ ခရီးသည်တင် မှန်လုံယာဉ်တို့ တိုက်မိခဲ့ပြီး လူသုံးဦး သေဆုံးသွားတယ်လို့ သိမ်ဇရပ်နယ်မြေ ရဲစခန်းက ပြောပါတယ်။ သြဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲလောက်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ၊ ပိန္နဲပင်ကွေ့ မိုင်တိုင်အမှတ် ၉၁/၁ နဲ့ ၉၁/၂ အကြားမှာ Probox ယာဉ်နဲ့ ပုသိမ်- မော်လမြိုင်ခရီးသည်တင် မှန်လုံယာဉ်တို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် Probox ယာဉ်မောင်းဟာ  ရင်ဘတ်နဲ့ စတီယာတိုင် ဆောင့်မိကာ ရင်ဘတ်ညိုမည်းဒဏ်ရာ၊ မေးအောက်ပေါက်ပြဲ ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ဝေလင်းနဲ့ အမျိုးသမီးတဦးကိုတော့ ဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်တင်အောင်စိုးက “မှားတာက ကားသေး မှားတာပါ။ လမ်းကွေ့ကြီးကို အရှိန်နဲ့ကွေ့လိုက်တာ အရှိန်မထိန်းနိုင်တော့ဘဲ တဖက်ယာဉ်ကြောထိ ရောက်သွားပြီး မျက်နှာချင်းဆိုင် လာတိုက်တာပါ။ သေဆုံးသွားတဲ့ ယာဉ်မောင်းကလည်း ဘယ်ကလဲ ဘယ်သူလဲဆိုတာ မသိသေးပါဘူး။ မှန်လုံယာဉ်ပေါ်က လူတွေကျတော့ တယောက်မှ ဘာမှ မဖြစ်ပါဘူး” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပရိုဘောက်ယာဉ်မောင်းဖြစ်သူ (အမည်စုံစမ်းဆဲ) ကို သိမ်ဇရပ်နယ်မြေ ရဲစခန်းက ယာဉ်ပ ၂၇/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)၊ ၃၃၈ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024