Sunday, June 11, 2023
HomeLead Storyနောက်ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့် စည်းရုံးလှုံ့ဆော်သည့် တီဗွီကြော်ငြာ ထုတ်လွှင့်

နောက်ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့် စည်းရုံးလှုံ့ဆော်သည့် တီဗွီကြော်ငြာ ထုတ်လွှင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နောက်ရွေးကောက်ပွဲသက်တမ်းမှာ ပြန်လည်အရွေးခံရဖို့ စည်းရုံးလှုံ့ဆော်တဲ့ တီဗွီကြော်ငြာတခုကို သြဂုတ် ၁၃ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။

စက္ကန့် ၃၀ စာရှိတဲ့ အဲဒီ စည်းရုံးရေးကြော်ငြာမှာ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီကို တိုက်ခိုက်ခဲ့သလို သူ့ရဲ့ သမ္မတသက်တမ်း ၇ လတာကာလအတွင်း အောင်မြင်ပြီးမြောက်ခဲ့တာတွေကို မီးမောင်းထိုးပြထားပါတယ်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီးလ်မှာ လူဖြူ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သူတို့နဲ့ ဆန့်ကျင်ဘက်အုပ်စုတို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဆန့်ကျင်ဘက်အုပ်စုက လူတဦးသေဆုံးခဲ့ပြီး တင်းမာနေစဉ်မှာ အခုလို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းရုံးရေးကြော်ငြာခွေ ထွက်ပေါ်လာတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာပဲ နောက်ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

အဲဒီလို အမည်စာရင်း တင်သွင်းခဲ့တာကြောင့် သူဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ အခုကတည်းက ရွေးကောက်ပွဲစည်းရုံးခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်မျိုးဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ လုပ်ရပ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular